Facebook Page ထောင်ပြီးရင် ဘာလုပ်ရမလဲ …?
ကိုယ့်ရဲ့ Product/ Service ကို ထိုးဖောက်ဖို့ပဲ ဖြစ်ဖြစ် … ဈေးရောင်းဖို့ပဲ ဖြစ်ဖြစ် ဒီနေ့ခေတ်မှာ Facebook Page ထောင်လာကြပါတယ် … Facebook Page ထောင်တာ လွယ်ပါတယ် … အောင်မြင်ဖို့အတွက် ဆိုရင်တော့ အခြေခံအကျဆုံး ဒီအချက်တွေကို အရင်ဆုံးလုပ်ပါ
နံပါတ် (၁) Page Info
ကိုယ့် page က ဘာအတွက်လဲ ဆိုတဲ့ Short Description
ဘာလုပ်ငန်းအမျိုးအစားဆိုတဲ့ Categories
ဆက်သွယ်ရမယ့် ဖုန်းနံပါတ် (သတိထားရမှာက +95 နဲ့ ဖြစ်ပါစေ .. Default က +1 နဲ့ ပေးထားတတ်ပါတယ်)
Website ရှိရင် ထည့်လို့ရပါတယ်၊ မရှိလည်း ဒါကတော့ ကျော်လိုက်လို့ရပါတယ်
Email လည်း အတူတူပါပဲ လုပ်ငန်းသုံးမယ့် gmail လိပ်စာလေး ထည့်ပေးပါ
လိပ်စာ အပြည့်အစုံထည့်ပါ၊ အရေးကြီးတာ Zip Code ပါ
ရန်ကုန် ဆိုရင် https://consult-myanmar.com/yangon-postal-codes/ မှာကြည့်ပါ
အခြားမြို့တွေဆိုရင် https://en.youbianku.com/Myanmar မှာ ကြည့်ပါ
ဖွင့်ချိန်/ ပိတ်ချိန် တွေ့ ဖြည့်ပါ
နံပါတ် (၂) Add a Button
ကိုယ့် page ကို ဘယ်လို ဆက်သွယ်စေချင်လဲ … ဖုန်းနဲ့ ဆက်သွယ်စေချင်ရင် Call Now, စာပို့စေချင်ရင် Send Message ဆိုတာကို ထည့်ထားပါ၊ အခြားသော Book Now, Contact Us, Sign Up, Send Email, WhatsApp, Watch Video, Learn More, Shop Now, See Offer, Use App, Play Game စသည်ဖြင့် ကိုယ့်လုပ်ငန်း အမျိုးအစားအလိုက် ရည်ရွယ်ချက်အလိုက် ပြောင်းလဲ ထားနိုင်ပါတယ်
နံပါတ် (၃) Shop/ Service/ Review များ
ကိုယ်က အွန်လိုင်းရှော့ပင် ဆိုရင် Shop မှာ သက်ဆိုင်ရာ ပစ္စည်း အမျိုးအစားအလိုက်၊ ပုံတွေ နဲ့ ဈေးနှုန်းတွေနဲ့ စုံစုံလင်လင် တင်ထားပါ၊ ဝန်ဆောင်မှု လုပ်ငန်းဆိုရင်လည်း ကိုယ့်ပေးနေတဲ့ Service တွေကို ပုံတွေနဲ့ ဈေးနှုန်းတွေ နဲ့ စုံစုံလင်လင် တင်ထားပါ။ ဒါမှသာ ကိုယ့် page ကို ဝင်ရောက်ကြည့်ရှုတဲ့သူတွေကို ကိုယ့် page က ဘာတွေ ရောင်းတယ်၊ ဘာဝန်ဆောင်မှုတွေ ပေးတယ်ဆိုတာကို အလွယ်ကတူ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်၊ နောက်တစ်ခုကတော့ Review ကို ဖွင့်ထားပေးပါ။ အကြောင်းအမျိုးမျိုးကြောင့် Bad Review ရေးသွားရင် ပြန်ဖျက်လို့ မရပေမယ့် ကိုယ်က အကောင်းဆုံး ကြိုးစားပေးထားရင် ကိုယ့်ကို အမှန်တကယ် Recommend ပေးမယ့် သူတွေလည်း ရှိမှာ သေချာပါတယ်၊ အဲဒီ Review တွေကပဲ အခြားသော ဝယ်သူ အသစ်တွေရဲ့ ယုံကြည်မှု ရဖို့အတွက် အထောက် အကူ ဖြစ်စေမှာ သေချာပါတယ်။
နံ့ပါတ် (၄) Cover Photo & Profile Picture
Page တစ်ခုကို ဝင်လိုက်တာ နဲ့ Cover Photo ဟာ အဓိက ကဏ္ဍက ပါဝင်နေပါတယ်၊ ဒါကြောင့် သပ်သပ်ရပ်ရပ် နဲ့ ဆွဲဆောင်မှု ရှိတဲ့ Cover Photo ဖြစ်နေဖို့ လိုပါတယ်၊ မကြည်မလင်ဖြစ်တဲ့ပုံတွေ၊ အောက်ခံ ရေစာ ပါတဲ့ ပုံတွေ မသုံးသင့်ပါဘူး .. ပြီးတော့ သတင်းအချက်အလက်တွေ ပြွတ်သိပ်အောင် ရေးထားပြီးတော့ ရှုပ်နေတာမျိုးလည်း မဖြစ်သင့်ပါဘူး၊ နောက်တစ်ခု အရေးကြီးတာက သူရဲ့ Size ပါ 360 x 820 ဖြစ်ရပါမယ်၊ မဟုတ်ရင် ကိုယ့်ရဲ့ Cover Photo က အပြည့်မပေါ်ဘဲနဲ့ ပြတ်နေတတ်ပါတယ်၊ နောက်တစ်ခုက Mobile မှာပါ ကိုယ့်ရဲ့ ပုံက အချက်အလက်တွေ အပြည့်ပေါ်ချင်တယ်ဆိုရင်ရင် ခုဏက 360 x 820 ဆိုဒ်မှာ အပေါ်အောက် 24 စီနဲ့ ဘေးဘယ်ညာ ကို 90 စီ ချန်ဖို့ လိုပါတယ်၊ Profile Picture ကတော့ ကိုယ့်ရဲ့ လုပ်ငန်း လိုဂိုကို သုံးတာ အကောင်းဆုံးပါ။
နံပါတ် (၅) Post များ
Page ထောင်ပြီဆိုမှတော့ Post တင်ရမှာပေါ့ … အရေးကြီးတာက ဘာ post တွေ တင်ရမလဲ … ? ကျွန်တော် အရင်ကလည်း ရေးဖူး/ ပြောဖူးပါတယ် …ကိုယ်အနေနဲ့ တွေးကြည့်ပါ ဘာကြောင့် page တစ်ခုကို Like လုပ်လဲ … ဘယ်လို page တွေကို အချိန်ပေးပြီး ဝင်ကြည့်လဲ … ? ကိုယ့် page က အရောင်းတေပဲ လှိမ့်တင်နေရင်တော့ သေချာတယ် .. မရောင်းရတော့ဘူးဗျ … လူတွေဟာ Facebook ကို Entertainment အတွက် သုံးကြတာပါ … ဈေးဝယ်ဖို့ရယ်လို့ ရည်ရွယ်ပြီး ဘယ်သူမှ မသုံးပါဘူး … အဓိက ရည်ရွယ်ချက်က Entertainment ပါ အဲဒီနောက်ကမှ ဗဟုသုတတွေ .. သတင်းအချက်အလက်တွေ … ဈေးဝယ်တာတွေ .. စတာတွေ လိုက်လာတာပါ .. ဒါကြောင့် Customer ကို ဘာပေးရမလဲ ဆိုတာ စဉ်းစားပါ၊ အဲဒါကို အခြေခံပြီး Post တွေကို ဖန်တီးပါ … ထပ်ပြောပါမယ် … ဈေးပဲ လှိမ့်မရောင်းပါနဲ့ … ကျွန်တော့်ကို စောဒဂ တက်စရာ တော့ ရှိပါတယ် အွန်လိုင်းရှော့ပင် လုပ်ပါတယ်ဆို ဈေးမရောင်းလို့ ဘာလုပ်ရမှာလဲလို့ … ရောင်းတာတော့ ရောင်းရမှာပေါ့ ဗျာ … မရောင်းခင် အရင်ပေးပါ …မပေးဘဲ ရောင်းနေလို့ကတော့ သေချာတယ် ပြေးမှာပါပဲ … တစ်ပတ်စာ၊ တစ်လစာ ဘာတွေ တင်မလဲ ဆွဲထားပါ၊ ဖြစ်နိုင်ရင် post အမျိုးအစားအလိုက် နေ့ရက်မှန်၊ အချိန်မှန် တင်ပါ။ ဆိုလိုတာက တနင်္လာနေ့ ညနေမှာ ဖက်ရှင်၊ အင်္ဂါနေ့ နေ့လည်မှာ ဗဟုသုတ စသည်ဖြင့် သတ်သတ်မှတ်မှတ် အချိန်မှန်တင်ပါ။ Post တင်တာ နည်းတာ ကောင်းလား/ များတာကောင်းလား လို့ မေးလာရင် Value Content တွေ သာ တကယ် ဖန်တီးနိုင်ရင် များလေကောင်းလေပါ၊ များများတင်နိုင်လေ Engagement ပိုကောင်းလေပါ၊ အဲလိုမဟုတ်ဘဲ အရည်မရ အဖတ်မရတွေ များနေရင်တော့ နည်းနည်း များများ မကောင်းပါဘူး၊ Quality ရှိတာကို တင်နိုင်ဖို့ ကြိုးစားပါ၊ Quality တကယ်ရှိရင် Quantity များလည်း ရပါတယ်၊ နောက်တစ်ခု သတိရလို့ ပြောချင်လာတာက အရောင်း post တွေကို ခဏ ခဏ တင်ပြီး Page ကို ဝင်ကြည့်တဲ့သူတွေ မျက်စိရှုပ်စေမယ့် အစား ဒါကို မရောင်းရသေးလို့ ထပ်တင်မယ် ထပ် boost မယ်ဆိုရင် .. ကိုယ့်ရဲ့ page timeline မှာ ပေါ်မနေဘဲ ကိုယ့် target ထားပြီး boost တဲ့သူတွေဆီမှာပဲ ပေါ်တဲ့ Dark Post အနေနဲ့ တင်သင့်ပါတယ်။
နံပါတ် (၆) ဓါတ်ပုံများ
လူတစ်ယောက်ဟာ Facebook ပွတ်နေတဲ့ လက်မလေးကို ရပ်လိုက်တာဟာ ၂-၃ စက္ကန့်ပဲ ကြာပါတယ်၊ ပွတ်နေရင်းနဲ့ ခဏလေး ဘာလို့ ရပ်လိုက်လဲ (လက်ညောင်းလို့ ..နောက်တာပါ) eye catching ဖြစ်စေတဲ့ ပုံတစ်ပုံ .. ဆိုလိုတာက ကိုယ့်မျက်စိကို ဆွဲဆောင်မှု ရှိတဲ့ ပုံတစ်ပုံကြောင့်ပါ .. ဥပမာ ဗျာ ကောင်လေး တစ်ယောက် ဖုန်းပွတ်နေတယ် .. ကောင်မလေးချောချာလေးပုံတွေ့လိုက်ရင် ခဏတော့ ရပ်လိုက်မှာပဲ .. ဒီလိုပဲ ကောင်မလေး တစ်ယောက် ဖုန်းပွတ်နေတယ် ကောင်လေး ချောချောလေး ပုံတွေ ရင် ခဏတော့ ရပ်လိုက်မှာပဲ .. ဒီသဘောအတိုင်းပဲ ကိုယ့် Page က ပုံက ဖုန်းပွတ်နေတဲ့ သူကို ၂-၃ စက္ကန့်လောက် ရပ်သွားစေဖို့လိုပါတယ်။
နံပါတ် (၇) ဗီဒီယိုများ
၂၀၁၉ ကစပြီးတော့ ဗွီဒီယိုတွေဟာ ရိုးရိုး post တွေ ထက် ပိုပြီးတော့ engagement ကောင်းလာပါတယ်၊ ဗွီဒီယိုဖန်တီးမယ်ဆိုရင် စစခြင်း စက္ကန့် ၃၀ မှာ ကြည့်တဲ့သူကို ဆွဲဆောင်နိုင်ဖို့ လိုပါတယ်၊ Title Intro တွေကို စစချင်းမှာ မထည့်သင့်ပါဘူး .. အရေးကြီးတဲ့ Key Point ကို အစမှာ ထားပြီးတော့ Title Intro နဲ့ Main Video ကို ဆက်ထားသင့်ပါတယ်။ ပြီးတော့ ၃-၅ မိနစ် ဗွီဒီယိုတွေပဲ သင့်တော်ပါတယ်၊ တော်တော်လေး ရှည်တယ်ဆိုရင်တောင် ၁၀-၁၅ မိနစ်ထက် မပိုသင့်ပါဘူး .. တော်တော်ရှည်နေရင် အပိုင်းလေးတွေ ခွဲတင်သင့်ပါတယ်။
အွန်လိုင်းက စီးပွားရေး လုပ်နေတဲ့
သူတိုင်း ဒီအခြေခံ (၇) ချက်ကို ဂရုစိုက်ပြီး လိုက်လုပ်မယ်ဆိုရင် ရှိတဲ့
Like နဲ့ Engagement ကောင်းလာမှာ ဖြစ်သလို ယုံကြည်မှုလည်း သေချာပေါက်
တည်ဆောက် လာနိုင်ကြမှာ ဖြစ်ပါတယ်။
အားလုံးပဲ ရောင်းပန်း ဝယ်ပန်းလှပြီး စီးပွားရေး အဆင်ပြေကြပါစေ
#CEC#FacebookTips
+++++++++++++++++++++++++++++++++++++++++++
==============================
နံပါတ် (၁) Page Info
နံပါတ် (၂) Add a Button
နံပါတ် (၅) Post များ
နံပါတ် (၆) ဓါတ်ပုံများ
နံပါတ် (၇) ဗီဒီယိုများ
#CEC
#FacebookTips
0 Comments:
Post a Comment